အတူတကွ တည်ဆောက်ခြင်းဖြင့် အစေခံပါ
ကျေးလက် Amish (အားမစ်ရှ်)လူမျိုးတို့၏ယဉ်ကျေးမှုတွင် ကျီတစ်ခုတည်ဆောက်ခြင်းသည် လူအများ စုပေါင်းလုပ်ဆောင်သောအလုပ် ဖြစ်သည်။ လယ်သမားမိသားစု တစ်ခုအတွက် ကျီတစ်ခုတည်ဆောက်ရန် လနှင့်ချီကြာမြင့်နိုင်သော်လည်း အားမစ်ရှ်များအတွက်မူ အတူတကွလုပ်ဆောင်ခြင်းဖြင့် စောလျင်စွာ ပြီးမြောက်စေသည်။ သစ်များကို အချိန်မီစုထားပြီး ကိရိယာများကိုလည်း ကြိုတင်ပြင်ဆင်ထားသည်။ သတ်မှတ်ထားသည့်ရက်ရောက်သော် တစ်ရွာလုံး နံနက်စောစောစုဝေးကာ ကျီဆောက်ရန်အတွက် ကိုယ်စီတာဝန်များ ခွဲဝေယူကြပြီး ဝိုင်းဝန်းကူညီကြသည်။ တစ်ခါတစ်ရံ တစ်ရက်တည်းနှင့်ပင် အလုပ်ပြီးမြောက်တတ်သည်။
၎င်းသည် အသင်းတော်နှင့် အသင်းတော်ရှိ ကျွန်ုပ်တို့၏အခန်းကဏ္ဍအပေါ် ဘုရားသခင်ထားရှိသော အမြော်အမြင်ပင်ဖြစ်သည်။ သမ္မာကျမ်း၌ “သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးအသီးအင်္ဂါတော်ဖြစ်ကြ၏” (၁ ကော ၁၂:၂၇) ဟုဖော်ပြထားသည်။ သခင်သည် ကျွန်ုပ်တို့အတွက် အစွမ်းအစများကို ကွဲပြားစွာ ပြင်ဆင်ပေးထားပြီး၊ ကိုယ်လက်အစိတ်ပိုင်း တစ်ခုစီသည် ခန္ဓာကိုယ်တွင် အံဝင်ခွင်ကျ ဖြစ်သကဲ့သို့ (ဧဖက် ၄:၁၆) မိမိကျွမ်းကျင်ရာလုပ်ဆောင်ရန် ကျွန်ုပ်တို့အား သင့်လျော်သည့်တာဝန်များကို ပေးအပ်ထားသည်။ “ထမ်းရွက်စရာဝန်ချင်းတို့ကို…